မင်္ဂလာပါ။

ကျနော်များ၏ ပညာဒါနအလှုအတွက် အကျိုးတူ ကုသိုလ်ယူ ပါဝင်နိုင်ရန် အောက်ပါအတိုင်း စီစဉ်ထားကြောင်း အသိပေးလိုပါသည်။

၁။ ကြော်ငြာထည့်သွင်းခြင်း

Website အတွင်း ကြော်ငြာထည့်သွင်းခြင်းအားဖြင့် ပါဝင်ကူညီလိုပါလျှင် ကြော်ငြာအရွယ်အစား ပုံစံ ၂ မျိုး သတ်မှတ်ထားသည်။ 285 x 285 pixel အရွယ်အစားနှင့် 285 x 143 အရွယ်အစား ဖြစ်သည်။ Website အတွင်း ပင်ပစာမျက်နှာမှအပ အခြားစာမျက်နှာအကုန်တွင် Static Ads အဖြစ်ဖော်ပြမည်ဖြစ်ရာ လာရောက်ကြည့်ရှုသူ အကုန် မြင်သာနိုင်မည် ဖြစ်သည်။ နမူနာ မြင်တွေ့နိုင်ဖွယ်အား အောက်တွင် ဖော်ပြထားသည်။

Website ၏ Usability နှင့် User Interface အား မထိခိုက်စေရန် ကြော်ငြာများအား အရေအတွက်အားဖြင့် ကန့်သတ်ထားရာ ဦးရာစနစ်ဖြင့် လစဉ်နှုန်းထားများ သတ်မှတ်၍ လက်ခံဖော်ပြသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂။ Website စားရိတ်အား ထောင့်ပံ့ခြင်း

ကျနော်များ Website အား အင်တာနက် အသုံးပြုသူတိုင်း ကြည့်ရှုနိုင်ရန် လွှင့်တင်ရာတွင် Hosting Server ဟုခေါ်သော Web Server အား ငှါးရမ်း အသုံးပြုကြရပါသည်။ ထို့ကြောင့် လစဉ် အခကြေးငွေ ကုန်ကျစားရိတ်ရှိပါသည်။ ထိုစားရိတ်အား လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ကူညီ မျှဝေလိုပါက ကျနော်များ Website ၏ အောက်ခြေတွင် “Powered By” ဟု လုပ်ငန်းအမည်အား ကြော်ငြာပေးပါမည်။ ပင်မစာမျက်နှာအပြင် စာမျက်နှာတိုင်း၏ အောက်ခြေတွင် မြင်သာနိုင်မည် ဖြစ်သည်။

၃။ အခမဲ့သင်ကြားနိုင်ရန် အကူအညီပေးခြင်း

ကျနော်များ အခမဲ့ တင်ဆက်သော သင်ခန်းစာနှင့် လေ့ကျင့်ခန်း ဗီဒီယိုများအား စပွန်စာပေးလိုပါက စပွန်စာပေးသော လုပ်ငန်းအား သင်ခန်းစာ အစနှင့် အဆုံးတွင် ၂ ကြိမ် ဖော်ပြပေးပါမည်။

အထက်ဖော်ပြပါ နည်းလမ်း (၃) ခုအားဖြင့် ကျနော်များအား ဆက်လက်ရပ်တည်နိုင်စေရန် အကူအညီ ပေးလိုသော လုပ်ငန်းရှင်များအား ကြိုဆိုလျက်ရှိကြောင်းနှင့် အသေးစိတ် သိလိုပါက ကျနော်များထံသို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။