Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်း

Posted on March 13, 2020March 13, 2020 by admin
0

Data Science ဘာသာရပ်အား သင်ကြားခဲ့ရာတွင် လေ့လာသူ အတော်များများထံမှ တူညီသော မေးခွန်းတခုအား စဉ်ဆက်မပြတ်ဖြေကြားခဲ့ရဖူးသည်။ ထိုမေးခွန်းမှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူ၍ဖြစ်သည်။ ဤဆောင်းပါးမှာ ထိုမေးခွန်းအား ကျနော်၏ စာသင်သက် တလျှောက်လုံး ဖြေကြားခဲ့ဖူးသည့် အဖြေများအား စုစည်းကာ တင်ပြခြင်းဖြစ်သည်။ ပထမဦးစွာ တင်ပြလိုသည်မှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူသော မေးခွန်း၏အဖြေမှာ တသတ်မတ်တည်း မဟုတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတဦးနှင့် တဦး နောက်ခံပညာရေး၊ လုပ်ငန်းအတွေ့အကြုံအားဖြင့် မတူညီကြသည့် သဘာဝရှိသည့်အတွက်၊ ထိုမေးခွန်း၏ အဖြေမှာလည်း တဦးနှင့်တဦး ကွဲလွဲမည်သာဖြစ်သည်။ ထို့ကြောင့် လေ့လာသူအများစုထံမှ တူညီသော အချက်အလက်များပေါ်အခြေခံကာ ယေဘုယျအဖြေအား တင်ပြပါမည်။ Data Science ဘာသာရပ်သည် ကွန်ပျူတာပရိုဂရမ် […]

လူတိုင်းအတွက် Myanmar Data Science

Posted on February 7, 2020March 13, 2020 by admin
0

မင်္ဂလာပါ။ ကျနော်များ အချိန်ထုတ်အားစိုက်ပြုလုပ်ခဲ့သော Myanmar Data Science Website မှာ အများသူငါ သုံးစွဲရန်အတွက် အဆင့်သင့် အနေအထားတွင် ရှိနေပြီ ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ကျနော်များ၏ ကြိုးစားမှုအား အသိအမှတ်ပြုသော မိတ်ဆွေအပေါင်းအားလည်း အထူးပဲ ကျေးဇူးတင်ရှိပါသည်။ Data Science ဘာသာရပ်အား တကြိမ်တခါမှ မသင်ယူဖူးသော စိတ်ဝင်စား သူတို့အား အခြေခံမှစတင်၍ အဆင့်မြင့် ပညာရပ်များအထိ တတ်ကျွမ်းနားလည်အောင် သင်ကြားပြသပေးရန် ရည်ရွယ်သည်။ သင်ကြားတင်ဆက်မှု Data Science ဟူသည် အလွန်ကျယ်ပြန့်သော နည်းပညာဘာသာရပ် ဖြစ်သည်။ နည်းပညာဘာသာရပ်ဟု ဆိုသောလည်း နည်းပညာ တတ်ကျွမ်းမှုတခုတည်းဖြင့် မလုံလောက်သော ဘာသာရပ်လည်းဖြစ်သည်။ အချို့က “Science” ဟုခေါ်သော်လည်း ပြသနာတခုအား ဖြေရှင်းရာတွင် ပုံသေနည်းထက် တွေးခေါ်ကြံဆမှုအား အသုံးပြုရသလို […]

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes