ညဏ်ရည်တုနည်းပညာ အကူအညီဖြင့် လူတို့၏ မျက်နှာပေါ်တွင် ဖော်ပြသော စိတ်ခံစားမှု အရိပ်အကဲအား ဖတ်ရှုလေ့လားခြင်းမှာ မှန်ကန်တိကျမှု မရှိနိုင်ဘဲ မလိုလားအပ်သော ခွဲခြားဆက်ဆံမှုများ သို့သာ ဦးတည်သွားနိုင်ကြောင်း စိတ်ခံစားမှု အထူးပြု လေ့လာသူ စိတ်ပညာရှင်တို့က ဆိုလိုက်သည်။ Northeastern University ၏ စိတ်ပညာဌာန ပရော်ဖတ်ဆာ Lisa Feldman Barrett က လုပ်ငန်းရှင်များအနေဖြင့် ထိုသို့သော နည်းပညာရပ်များမှာ ယေဘုယျအားဖြင့်သာ မှန်နိုင်ကြောင်း သုံးသပ်သည်။ သူမက သုံးသပ်သည်မှာ ညဏ်ရည်တုနည်းပညာသည် လူသားအားလုံး၏ အခြေခံ စိတ်ခံစားမှုကြောင့် ပေါ်ထွက်လာသော မျက်နှာအရိပ်အကဲ ပြောင်းလဲမှုပေါ် အခြေခံထားခြင်းဖြစ်ရာ လူတစ်ဦးချင်းနှင့် ထိုလူ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအား တွက်ချက်ခြင်းမရှိသဖြင့် ရလဒ်များ၏ တိကျမှုမှာ အာမခံချက်မရှိဟု ဆိုသည်။ ထို့ကြောင့် အလားတူနည်းပညာများမှာ […]
UK တွင် အလုပ်အင်တာဗျူး၌ AI နည်းပညာသုံးကာ ခန့်အပ်မှုပြုလုပ်
ဗြိတိန်အခြေစိုက် လူသုံးကုန်လုပ်ငန်း Unilever ကုမ္ပဏီသည် ၎င်းတို့ထံ အလုပ်လျှောက်သူများ၏ ဗီဒီယို အင်တာဗျူးပုံရိပ်များပေါ် အခြေခံကာ ခန့်အပ်သင့်၊ မသင့်အား စတင် ဆုံးဖြတ်မှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အလုပ်လျှောက်သူများအား တင်ကြိုအင်တာဗျူးအဖြစ် အွန်လိုင်းမှနေ၍ ဖုန်း (သို့မဟုတ်) ကွန်ပျူတာဖြင့် ဗီဒီယို အင်တာဗျူးပြုလုပ်ကာ AI နည်းပညာသုံး အကဲဖြတ်ခြင်း ဖြစ်သည်။ ထိုသို့အကဲဖြတ်နိုင်ရန်အတွက် လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ကောင်းမွန်သော လက်ရှိဝန်ထမ်းများ၏ အင်တာဗျူးများအတွင်း စိတ်ခံစားမှု၊ မျက်နှာအရိတ်အခြေနှင့် စကားလုံး အသုံးအနှုန်း ပြောဆိုမှု အချက်အလက် ဒေတာ ၂၅,ဝ၀ဝ ပေါ်အခြေခံကာ ညဏ်ရည်တု ဆော့ဖ်ဝဲက ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုဆော့ဖ်ဝဲအား အမေရိကန်အခြေစိုက် Hirevue ကုမ္ပဏီမှ ပြုလုပ်ထားခြင်းဖြစ်ပြီး CV ဖောင်များပါ အချက်အလက်များအား အားကိုးခြင်းထက် […]