ဆောင်းပါးများ
myanmar data science တင်ဆက်သော ဘာသာရပ်များ
Myanmar Data Science
Data Science ဘာသာရပ်အား အလွယ်တကူသင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။
အခမဲ့လေ့လာနိုင်သော သင်ကြားမှုများ
31 သင်ခန်းစာ စုစုပေါင်း
1221 ကြာမြင့်ချိန်မိနစ်
575 လက်တွေ့လေ့ကျင့်ချိန်မိနစ်
5499 ကြည့်ရှုမှု အကြိမ်
Welcome To Myanmar Data Science
Our Channel
YouTube

Myanmar Data Science ၏ YouTube Channel ၌ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါသည်။

Go To YouTube
သိဖွယ်ရာမေးခွန်းများ
  • သင်ကြားမှုအတွက် အခကြေးငွေပေးရန် လိုအပ်ပါသလား?

    အခကြေးငွေပေးရန် မလိုအပ်ပါ။ Myanmar Data Science မှ လူတိုင်း အခမဲ့ ပညာသင်ယူနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျနော်များအား ကူညီသောအားဖြင့် သတင်းစကားမျှဝေပေးစေလိုပါသည်။

  • ကျောင်းဖွင့်ထားပါသလား? မည်သည့်နေရာတွင် တည်ရှိပါလဲ?

    ကျောင်းဖွင့်မထားပါ။ သင်ခန်းစာများအား အွန်လိုင်းမှ တဆင့် အင်တာနက် အသုံးပြုသူတိုင်း သင်ယူရန် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သွားလာရန် ခက်ခဲသော နေရာဒေသများတွင် နေထိုင်သူများလည်း မိမိတို့၏ အိမ်မှနေ၍ လေ့လာသင်ယူနိုင်ပါသည်။

  • လေ့လာသင်ယူရန် အချိန်အားဖြင့် မည်မျှကြာမြင့်နိုင်ပါသလဲ?

    Data Science ဘာသာရပ်အတွက် သင်ခန်းစာ ၃ ခုအား တပတ်လျှင်အနည်းဆုံး သင်ကြားမှုတခုစီ နှုန်းဖြင့် တင်ပြသောကြောင့် ပုံမှန်အားဖြင့် ၆ လခန့် ကြာမြင့်နိုင်ပါသည်။ အခြေခံရှိသူများ အတွက်မူ ၃ လမှ ၄လ အတွင်း အတော်အတန် တတ်မြောက်ပြီး ဖြစ်မည်။

  • လေ့လာသူမှတ်ချက်များ
    • အခြားနိုင်ငံတွေမှာတော့ အသစ်အဆန်းမဟုတ်တော့ပေမဲ့ မြန်မာပြည်မှာ သင်တန်းကောင်းကောင်းရယ်လို့ မရှိသေးတဲ့ဘာသာရပ်ကို လူတိုင်းအတွက် အခုလိုသင်ကြားပေးတာ အားတက်စရာပါ၊ အောင်မြင်ပါစေ။
      KMG (Lecturer)
    • အချိန် ၂နာရီလောက်ပေးပြီးမှ နားလည်သဘောပေါက်ရတဲ့ သင်ခန်းစာကို ၁၅မိနစ်နဲ့တင် သိသွားအောင်ရှင်းပြပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ၊ နောက်ထပ်လည်း အခုလိုသင်ခန်းစာတွေထပ်ပြီး သင်ကြားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
      UCSY student
    သတင်းများ
    February 11, 2020
    ညဏ်ရည်တုနည်းပညာ အကူအညီဖြင့် လူတို့၏ မျက်နှာပေါ်တွင် ဖော်ပြသော စိတ်ခံစားမှု အရိပ်အကဲအား ဖတ်ရှုလေ့လားခြင်းမှာ မှန်ကန်တိကျမှု မရှိနိုင်ဘဲ မလိုလားအပ်သော ခွဲခြားဆက်ဆံမှုများ သို့သာ ဦးတည်သွားနိုင်ကြောင်း စိတ်ခံစားမှု အထူးပြု လေ့လာသူ စိတ်ပညာရှင်တို့က ဆိုလိုက်သည်။ Northeastern…
    February 7, 2020
    ဗြိတိန်အခြေစိုက် လူသုံးကုန်လုပ်ငန်း Unilever ကုမ္ပဏီသည် ၎င်းတို့ထံ အလုပ်လျှောက်သူများ၏ ဗီဒီယို အင်တာဗျူးပုံရိပ်များပေါ် အခြေခံကာ ခန့်အပ်သင့်၊ မသင့်အား စတင် ဆုံးဖြတ်မှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အလုပ်လျှောက်သူများအား တင်ကြိုအင်တာဗျူးအဖြစ် အွန်လိုင်းမှနေ၍ ဖုန်း (သို့မဟုတ်)…
    လူတိုင်းလေ့လာရန်

    Data Science ဘာသာရပ်မှာ မည်သူ့အတွက်နည်းဟူသော မေးခွန်း အား မကြာခဏ ကြားရလေ့ရှိသည်။ လူတိုင်း အင်တာနက် အသုံးပြု နေပြီဖြစ်သော ဤခေတ်ကာလတွင် သတင်းအချက်အလက် နှင့် ကင်းကွာသူဟူ၍ မရှိတော့ပြီ။ Data Science မှာ အချက် အလက်ပေါ် အခြေခံကာ ကျိုးကြောင်းဆီလျော်မှုကို ရှာဖွေဖော်ထုတ် သည့် ဘာသာရပ်ဖြစ်သောကြောင့် အချက်အလက် နှင့် ကင်းကွာမရသူ အားလုံးနှင့် သက်ဆိုင်သူဟု ဆိုရမည်။ Data ဟူသော အချက် အလက်အား စီးပွါးရေးနယ်ပယ်တွင် သာမက လူမှုရေး၊ ကျန်းမာရေး နှင့် နိုင်ငံတော် တည်ဆောက်ရေး အစရှိသသော လုပ်ငန်းဆောင်တာ အသီးသီး၌ တွေ့ရှိနိုင်သည်ဖြစ်ရာ Data Science ဘာသာရပ်မှာ အထက်ဖော်ပြပါ နယ်ပယ်အားလုံး၌ လက်တွေ့ အသုံးချနိုင်သော Applied Subject ဘာသာရပ်ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အတွက် Data Science ဟုသာ ဆိုချင်ပါသည်။

    Myanmar Data Science
    နည်းပညာများ