Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

AI နည်းပညာသုံး မျက်နှာအရိပ်အကဲ ဖတ်ရှုမှု စိတ်ပညာရှင်များ ဝေဖန်အကြံပြု

Posted on February 11, 2020February 19, 2020 by admin
0

ညဏ်ရည်တုနည်းပညာ အကူအညီဖြင့် လူတို့၏ မျက်နှာပေါ်တွင် ဖော်ပြသော စိတ်ခံစားမှု အရိပ်အကဲအား ဖတ်ရှုလေ့လားခြင်းမှာ မှန်ကန်တိကျမှု မရှိနိုင်ဘဲ မလိုလားအပ်သော ခွဲခြားဆက်ဆံမှုများ သို့သာ ဦးတည်သွားနိုင်ကြောင်း စိတ်ခံစားမှု အထူးပြု လေ့လာသူ စိတ်ပညာရှင်တို့က ဆိုလိုက်သည်။ Northeastern University ၏ စိတ်ပညာဌာန ပရော်ဖတ်ဆာ Lisa Feldman Barrett က လုပ်ငန်းရှင်များအနေဖြင့် ထိုသို့သော နည်းပညာရပ်များမှာ ယေဘုယျအားဖြင့်သာ မှန်နိုင်ကြောင်း သုံးသပ်သည်။

သူမက သုံးသပ်သည်မှာ ညဏ်ရည်တုနည်းပညာသည် လူသားအားလုံး၏ အခြေခံ စိတ်ခံစားမှုကြောင့် ပေါ်ထွက်လာသော မျက်နှာအရိပ်အကဲ ပြောင်းလဲမှုပေါ် အခြေခံထားခြင်းဖြစ်ရာ လူတစ်ဦးချင်းနှင့် ထိုလူ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအား တွက်ချက်ခြင်းမရှိသဖြင့် ရလဒ်များ၏ တိကျမှုမှာ အာမခံချက်မရှိဟု ဆိုသည်။ ထို့ကြောင့် အလားတူနည်းပညာများမှာ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

နာမည်ကြီး Amazon မှလည်း သူတို့တီထွင်ထားသော Rekognition အမည်ရှိ မျက်နှာအရိပ်အကဲ ဖတ်ရှုမှု ညဏ်ရည်တုနည်းပညာမှာ အခြေခံ စိတ်ခံစားမှု ခုနစ်မျိုးကြောင့် ဖြစ်ပေါ်သော မျက်နှာရိပ်ကို အကဲဖြတ်နိုင်သည်ဟု ဆိုပြန်သည်။ ဗြိတိန်အခြေစိုက် Unilever ကုမ္ပဏီမှလည်း အလားတူ နည်းပညာ အသုံးပြု၍ အလုပ်ခန့်အပ်မှု အင်တာဗျူးများအား ပြန်လည် အကဲဖြတ်ခြင်းအားဖြင့် အလုပ်ချိန် စုစုပေါင်း ၁ သိန်းခန့် သက်သာစေခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ပညာရှင်များ၏ ရှုထောင့်ဖြစ်သော လူတစ်ဦးချင်းနှင့် ထိုလူ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာပေါ်မူတည်၍ တူညီသော ခံစားမှုဖြစ်ပေါ်လင့်ကစား ကွဲပြားသော မျက်နှာအရိပ်အကဲ ပုံဖော်မှု ရှိနိုင်ကြောင်း ဝေဖန်မှုမှာ အထောက်အထားများအရ အတော်အသင့် ခိုင်မာကြောင်းဆိုသည်။

ကိုးကား – The Guardian (AI systems claiming to ‘read’ emotions pose discrimination risks)

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes