Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

KMG (Lecturer)

Posted on March 13, 2020March 13, 2020 by admin
0

အခြားနိုင်ငံတွေမှာတော့ အသစ်အဆန်းမဟုတ်တော့ပေမဲ့ မြန်မာပြည်မှာ သင်တန်းကောင်းကောင်းရယ်လို့ မရှိသေးတဲ့ဘာသာရပ်ကို လူတိုင်းအတွက် အခုလိုသင်ကြားပေးတာ အားတက်စရာပါ၊ အောင်မြင်ပါစေ။

Programming Terminology – အပိုင်း (၂)

Posted on March 13, 2020March 13, 2020 by admin
0

ဘာသာရပ်တခုအား လေ့လာတော့မည်ဆိုလျှင် ထိုဘာသာရပ်၏ အသုံးများသော စကားလုံးများအား ကောင်းစွာသိရှိထားဖို့က မဖြစ်မနေလိုသည်။ ဥပမာ English စကားပြောတတ်ချင်သူများ စကားပြောမသင်ခင် အသုံးအနှုန်း ဝေါဟာရများ၏ မီးနင်းများကို အလွတ်ကျက်မှတ်ရသလိုဖြစ်သည်။

Introduction to Computer Programming – အပိုင်း (၁)

Posted on March 13, 2020March 13, 2020 by admin
0

Programming ဘာသာရပ်မှာ Data Science နည်းပညာအား လေ့လာရာတွင် လိုအပ်သော အခြေခံဘာသာရပ်ဖြစ်သည်။ ဤသင်ခန်းစာများတွင် Programming ဘာသာရပ်အား အထွေထွေသဘောမျိုး (General Purpose) တင်ပြခြင်းမဟုတ်ကြောင်းနှင့် Data Science နည်းပညာအား လေ့လာရာလိုအပ်သည့် အကြောင်းအရာများကိုသာ အခြေခံ၍ တင်ပြမည်ဖြစ်သည်။

Correlation in Statistics – အပိုင်း (၂)

Posted on March 13, 2020March 13, 2020 by admin
0

Correlation ဟူသည်မှာ ဒေတာများ တခုနှင့်တခု မည်သို့မည်ပုံ စပ်ဆက်မှုရှိသည်ကို လေ့လာကောက်ချက်ချခြင်း ဖြစ်သည်။ ယခင်သင်ခန်းစာ၏ ဥပမာအရ အိမ်ဈေးနှုန်းသည် အိမ်၏အကျယ်အဝန်းနှင့် Correlate ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ အဘယ်ကြောင့်ဆိုသည် အိမ်အကျယ်အဝန်း စတုရန်းပေများလေ အိမ်ဈေးနှုန်းကြီးလေဖြစ်သည်။

Introduction to Statistics for Data Science – အပိုင်း (၁)

Posted on March 13, 2020March 13, 2020 by admin
0

Statistics စာရင်းအင်းပညာ ဆိုသည်မှာ Data Science ဘာသာရပ်၏ ပင်မအခြေခံ ဖောင်ဒေးရှင်းဘာသာရပ် ဖြစ်သည်။ သင်ချာပညာရပ်၏ အစိတ်အပိုင်းတခုလည်းဖြစ်သည်။ ဒေတာများအား စနစ်တကျ စုဆောင်းခြင်း၊ စိစစ်လေ့လာခြင်းတို့ ပြုလုပ်တဲ့ ပညာရပ်ဖြစ်သည့်အလျောက် Data Science ဘာသာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ မသိမဖြစ် သိထားအပ်သည်။

Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်း

Posted on March 13, 2020March 13, 2020 by admin
0

Data Science ဘာသာရပ်အား သင်ကြားခဲ့ရာတွင် လေ့လာသူ အတော်များများထံမှ တူညီသော မေးခွန်းတခုအား စဉ်ဆက်မပြတ်ဖြေကြားခဲ့ရဖူးသည်။ ထိုမေးခွန်းမှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူ၍ဖြစ်သည်။ ဤဆောင်းပါးမှာ ထိုမေးခွန်းအား ကျနော်၏ စာသင်သက် တလျှောက်လုံး ဖြေကြားခဲ့ဖူးသည့် အဖြေများအား စုစည်းကာ တင်ပြခြင်းဖြစ်သည်။ ပထမဦးစွာ တင်ပြလိုသည်မှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူသော မေးခွန်း၏အဖြေမှာ တသတ်မတ်တည်း မဟုတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတဦးနှင့် တဦး နောက်ခံပညာရေး၊ လုပ်ငန်းအတွေ့အကြုံအားဖြင့် မတူညီကြသည့် သဘာဝရှိသည့်အတွက်၊ ထိုမေးခွန်း၏ အဖြေမှာလည်း တဦးနှင့်တဦး ကွဲလွဲမည်သာဖြစ်သည်။ ထို့ကြောင့် လေ့လာသူအများစုထံမှ တူညီသော အချက်အလက်များပေါ်အခြေခံကာ ယေဘုယျအဖြေအား တင်ပြပါမည်။ Data Science ဘာသာရပ်သည် ကွန်ပျူတာပရိုဂရမ် […]

Data Science Terminology – အပိုင်း (၂)

Posted on March 13, 2020March 13, 2020 by admin
0

ဤသင်ခန်းစာတွင် Data Science နည်းပညာနယ်ပယ်၌ အသုံးများသော Terminology များအား တင်ပြထားသည်။ ထိုသို့တင်ပြရာတွင် မူရင်းစကားလုံးများအား တိုက်ရိုက်ဘာသာပြန် မြန်မာမှုပြုခြင်းထက် မူလစကားလုံး၏ အသုံးနှင့်ဆိုလိုရင်း သဘောတရားများကို ဥပမာများဖြင့် ရှင်းလင်းတင်ပြထားသည်။

Introduction to Data Science – အပိုင်း (၁)

Posted on February 27, 2020March 13, 2020 by admin
0

Introduction to Data Analysis Series ၏ ပထမဆုံး သင်ခန်းစာအဖြစ် Data Science ဘာသာရပ်နှင့် စပ်လျဉ်းကာ ဗဟုသုတအနေဖြင့် သိသင့်သိထားအပ်သည့် အကြောင်းအရာအချို့အား အကြိုသဘောဖြင့် တင်ပြပါမည်။

အထိရောက်ဆုံးသင်ကြားမှု

Posted on February 18, 2020February 19, 2020 by admin
0

သင်ခန်းစာတစ်ခုအား အချိန်အားဖြင့် ၁၀-၁၅မိနစ်ခန့်သာ ကြာမြင့်ပြီး သိသင့်သိအပ်သည်တို့ကို အထိရောက်ဆုံး တင်ပြထားခြင်း

လက်တွေ့သင်ခန်းစာများ

Posted on February 18, 2020February 19, 2020 by admin
0

ကိုယ်တိုင်အတူတကွ လေ့ကျင့်နိုင်ရန် သီအိုရီအပြင် လက်တွေ့ Lab session များဖြင့် ကိုင်တွယ်ဆောင်ရွက်နိုင်ရန် သင်ကြားပို့ချထားခြင်း

Posts navigation

1 2 … 4 Next

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Please sit tight, we are working to get twitter API up and running

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes