Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

Introduction to Data Analysis

Posted on February 10, 2020February 19, 2020 by admin
0

Data Analysis ဘာသာရပ်အား စိတ်ဝင်စား လေ့လာလိုသူများအတွက် ရည်ရွယ်ကာ Introduction to Data Analysis သင်ခန်းစာအား တင်ဆက်ထားခြင်းဖြစ်သည်။ Data Science ဟူသည် အဘယ်နည်းဆိုသည့် အခြေခံအကျဆုံး ချဉ်းကပ်မှုမှတဆင့် Data Analysis ပြုလုပ်ရာတွင် လိုအပ်သည့် အခြေခံ နည်းပညာရပ်များအား သင်ကြားပို့ချမည်ဖြစ်သည်။

အဘယ့်ကြောင့် လေ့လာသင်ယူသင့်သနည်း

၂၀၁၂ ခုနှစ်ထုတ် Harvard Business Review မဂ္ဂဇင်းတွင် Data Scientist အသက်မွေးဝမ်းကြောင်းမှု အလုပ်အား ၂၁ ရာစု၏ sexiest job ဖြစ်သည်ဟု တင်စားသုံးစွဲထားသည်။ လူတိုင်း သည်းချေကြိုက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဟု ဆိုပါလျှင်အချက် ၃ ချက်အားဖြင့် ဖြေကြားလိုပါသည်။

၁။ အင်တာနက်အသုံးပြုမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တဟုန်ထိုး များပြားလာသည်။ အကျိုးဆက်ကား Data ဟုခေါ်သော အချက်အလက် အမြောက်အများ ပေါ်ထွက်လာရခြင်းဖြစ်သည်။ ထို့ပြင် အချက်အလက်များအား မျှဝေသုံးစွဲမှုကလည်း အံ့မခန်းပင် ဖြစ်သည်။ လူမှုကွန်ရက်များ ပေါ်ထွက်လာမှုကလည်း ကြီးမားသော အကြောင်းအရင်းဖြစ်သည်ဟု ဆိုနိုင်သည်။ Data အချက်အလက်များမှ တဆင့် အကျိုးဖြစ်ထွန်းဖွယ်ရာ လုပ်ဆောင်မှု အတော်များများ ပေါ်ထွက်လာသည်။ ထို့ကြောင့် Data များအား သိပ္ပံနည်းကျ ကိုင်တွယ် ဆောင်ရွက်နိုင်စွမ်းရှိသော Data Scientist အသက်မွေးဝမ်းကြောင်းမှုမှာ ခေတ်ကာလ၏ တောင်းဆိုချက်အရ သည်းချေကြိုက် အလုပ်အကိုင်တခု ဖြစ်လာတော့သည်။

၂။ အချက်အလက်များအား စနစ်တကျကိုင်တွယ် တွက်ချက်မှုမှတဆင့် တင်ကြိုခန့်မှန်းမှုများ၊ လူအစားထိုး ဆောင်ရွက်မှုများ အစရှိ သဖြင့် တီထွင်ကြံဆမှု နည်းပညာ ဘာသာရပ် အမြောက်အများပေါ်ထွက်လားပြီး အားလုံးမှာ Data ဟုခေါ်သော အချက်အလက်ဖြင့် ကင်း၍ မရနိုင်ပေ။ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဆယ်စုနှစ် ၂ ခုစာမျှရှိသော Data အချက်အလက်များပေါ် အခြေခံကာ လာမည့် နောက် ၅နှစ်၊ ၁၀နှစ်စာ စီမံကိန်းများ ရေးဆွဲဆောင်ရွက်လာသည်။ ခန့်မှန်းမှုများမှာလည်း ဘက်လိုက်မှုကင်းသော သိပ္ပံနည်းကျ တွက်ချက်မှု အား အခြေခံထားရာ လွဲချော်ရန် ရာနှုန်းအားဖြင့် အင်မတန်နည်းပါးသည်။ ထို့ကြောင့် Data Scientist များအား အလုအယက်ရှာဖွေ အလုပ်ခန့်အပ်လာသည်။

၃။ ဈေးကွက်၏ အခြေခံ သီအိုရီတစ်ခုဖြစ်သော ဝယ်လိုအားမြင့်မားလေ တန်ဖိုးအားဖြင့် မြင့်တက်လေဖြစ်ရာ Data Scientist များအား အလုအယက်ရှာဖွေ အလုပ်ခန့်အပ်မှုက အကျိုးဆက်အားဖြင့် ကိစ္စရပ် ၂ခုအား ဖြစ်ပေါ်စေခဲ့သည်။ ပထမအချက်မှာ Data Scientist များ၏ လုပ်ခလစာမှာ မက်လောက်ဖွယ်ဖြစ်အောင် ကောင်းမွန်လာသည်။ Glassdoor ဟူသော အလုပ်ရှာဖွေရာ Website ရှိ စာရင်းဇယားများအရ Data Scientist တစ်ဦး၏ တနှစ်စာဝင်ငွေမှာ ကန်ဒေါ်လာ ၁သိန်းကျော်အထက်တွင်သာ ရှိသည်။ ထို့ကြောင့် တလလျှင် မြန်မာငွေ သိန်းရာကျော် ဝင်သည့် အလုပ်ဖြစ်သည်။ ဒုတိယအချက်မှာ အလုပ်လိုအပ်မှုများပြားလာရာက အလုပ်သမားရှားပါးမှု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် နယ်ပယ်အသီးမှ ပညာရှင်များမှာ Data Scientist အလုပ်ဘက်သို့ ကူးပြောင်းလာသည်။ တွက်ချက်မှုအား ဗဟိုပြုသော ပညာရပ်များဖြစ်သည့် သင်္ချာ၊ ရူပဗေဒနှင့် စာရင်းအင်းပညာရှင်တို့မှာ Data Science နယ်ပယ်အတွင်း ကွန်ပျူတာကျွမ်းကျင်သူများပြီးနောက် အများဆုံးတွေ့ရသော သူများဖြစ်လာသည်။

အထက်ဖော်ပြပါတင်ပြမှုများအား ထောက်ရှုခြင်းအားဖြင့် Data Science နည်းပညာဟူသည် မိတ်ဆွေအတွက် လေ့လာသင့်သော ပညာရပ် ဖြစ်သည်၊ မဖြစ်သည်ကို ကျနော်များ အနေဖြင့် အထူးတလည် တိုက်တွန်းရန် မလိုဟု ယူဆနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာနှင့် ကင်းကွာ၍မရသော အင်တာနက်ရေစီးကြောင်း၌ မြန်မာတို့အနေဖြင့်လည်း Data Science ဘာသာရပ်ကို မြန်မာစာပေဖြင့် အလွယ်တကူ လေ့လာနိုင်ပါက ထိရောက်မည်ဟု ကျနော်များ ခံယူသည့်အတွက် ဤသင်ခန်းစား တင်ဆက်ရခြင်းဖြစ်ပါသည်။

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes