ဘာသာရပ်တခုအား လေ့လာတော့မည်ဆိုလျှင် ထိုဘာသာရပ်၏ အသုံးများသော စကားလုံးများအား ကောင်းစွာသိရှိထားဖို့က မဖြစ်မနေလိုသည်။ ဥပမာ English စကားပြောတတ်ချင်သူများ စကားပြောမသင်ခင် အသုံးအနှုန်း ဝေါဟာရများ၏ မီးနင်းများကို အလွတ်ကျက်မှတ်ရသလိုဖြစ်သည်။
သင်ခန်းစာ အနှစ်ချုပ် ကောက်နှုတ်ချက်
code ဆိုသည်မှာ ကွန်ပျူတာအား စေခိုင်းသောညွန်ကြားချက် ဖြစ်သည်။
coding ဆိုသည်မှာ ညွန်ကြားချက်များ ရေးသားခြင်း ဖြစ်သည်။
coder ဆိုသည်မှာ ညွန်ကြားချက်များ ရေးသားသူ ဖြစ်သည်။
data types ဆိုသည်မှာ ဒေတာအမျိုးအစားများ ဖြစ်သည်။
variable ဆိုသည်မှာ တွက်ချက်မှုများ ပြုလုပ်ရန် ယာယီ အသုံးပြုသော ဒေတာဖြစ်သည်။
declaration ဆိုသည်မှာ ကိစ္စတစ်ရပ်ဆောင်ရွက်ရန် လိုအပ်သည်တို့ကို ကြေညာခြင်းဖြစ်သည်။
constant ဆိုသည်မှာ ကိန်းသေတန်ဖိုးဖြစ်သည်။
operator ဆိုသည်မှာ အပေါင်း၊ အနှုတ်ကဲ့သို့သော တွက်ချက်မှုတခုခုအား ဆောင်ရွက်နိုင်သည့် အရာများကို ဆိုလိုသည်။
keywords ဆိုသည်မှာ Programming Language တခုခုမှ သုံးစွဲရန်အတွက် သတ်မှတ်ထားသော အထူးစကားလုံး စေခိုင်းချက်များ ဖြစ်သည်။
statement ဆိုသည်မှာ စေခိုင်းမှု အနည်းဆုံးတခုပါဝင်သော ညွန်ကြားချက်ဖြစ်သည်။
syntax ဆိုသည်မှာ ပရိုဂရမ်ရေးသားရာတွင် လိုက်နာမည့် ရေးသားမှု ပုံစံသတ်မှတ်ချက် ဖြစ်သည်။
condition ဆိုသည်မှာ အခြေအနေတရပ်ကို ဆိုလိုသည်။ ပရိုဂရမ်သည် အခြေအနေပေါ်မူတည်ကာ ပြောင်းလဲသည့် သဘောရှိသည်။
iteration / looping ဆိုသည်မှာ ထပ်ကာတလဲ လုပ်ဆောင်ရန်လိုအပ်သည့် အရာများကို ဆောင်ရွက်ခြင်းဖြစ်သည်။
endless loop / infinite loop ဆိုသည်မှာ ဘယ်တော့မှ မပြီးမြောက်တော့ဘဲ အဖန်တလဲလဲ ဆောင်ရွက်နေသည့် အခြေအနေကို ဆိုလိုသည်။
snippet ဆိုသည်မှာ ပရိုဂရမ်တခုလုံးမဟုတ်ဘဲ ရေးသားပုံ အစိတ်အပိုင်းငယ်တခုဖြစ်သည်။
front-end ဆိုသည်မှာ အသုံးပြုသူနှင့် တိုက်ရိုက်ထိတွေမှုရှိသော ပရိုဂရမ်အစိတ်အပိုင်းဖြစ်သည်။
back-end ဆိုသည်မှာ အသုံးပြုသူထံတင်ပြမှု မရှိဘဲ ကွန်ပျူတာပရိုဂရမ်က ဆုံးဖြတ်ဆောင်ရွက်သော အရာများကို ဆိုလိုသည်။
client-side ဆိုသည်မှာ အသုံးပြုသူဘက်တွင် ဖြစ်ပွါးသော ဆောင်ရွက်ချက်ဖြစ်သည်။
server-side ဆိုသည်မှာ ဆာဗာပေါ်တွင် ဖြစ်ပွါးသော ဆောင်ရွက်ချက်ဖြစ်သည်။
run ဆိုသည်မှာ ပရိုဂရမ်အား စတင်ရန် စေခိုင်းလိုက်ခြင်းဖြစ်သည်။