Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

Statistics for Data Science

Posted on February 10, 2020February 19, 2020 by admin
0

စာရင်းအင်းပညာရပ်မှာ Data Science နည်းပညာအား လေ့လာသူတိုင်း မသိမဖြစ် သိအပ်သော အခြေခံပညာရပ် ဖြစ်သည်။ ဤသင်ခန်းစာ များတွင် စာရင်းအင်းပညာအား အခြေခံမှ စတင်၍ လေ့လာတင်ဆက်ထားပြီး စီးပွါးရေးနယ်ပယ်၌ တွေ့ကြုံလေ့ရှိသော အဖြစ်အပျက်များနှင့် ယှဉ်ထိုးကာ ဥပမာပေး ခိုင်းနှိုင်းတင်ပြထားသည်။ စာရင်းအင်းပညာရပ်အား တကြိမ်တခါမှ မသင်ယူဘူးသော သူတစ်ဦးအား နားလည်တတ်ကျွမ်း သည်အထိ အတွင်းကျကျ ရှင်းလင်းတင်ပြထားရာ လေ့လာသူတိုင်းအတွက် အဆင့်မြင့်ပညာရပ်များ ဆက်လတ်လေ့လာရာတွင် မရှိမဖြစ် လိုအပ်သည့် ခိုင်မာတောင့်တင်းသော အခြေခံ အုပ်မြစ်အား တည်ဆောက်ပြီး ဖြစ်မည်။

တင်ဆက်ချဉ်းကပ်ပုံ

ပထမဦးစွာ Statistics ဟုခေါ်သော စာရင်းအင်းပညာဟူသည် လူတိုင်းနှင့် မစိမ်းကြောင်း၊ မိမိတို့၏ နေ့တဓူဝ ဖြစ်စဉ်များတွင်ပင် လက်တွေ့အသုံးပြုနိုင်သလို လူတိုင်းနှင့်လည်း တစ်မျိုးတစ်ဖုံ ထိတွေ့မှု ရှိထားပြီး ဖြစ်ကြောင်း ဥပမာများဖြင့် တင်ဆက်ထားသည်။ ထို့နောက်တွင် Data Science နည်းပညာနယ်ပယ်၌ မရှိမဖြစ် အသုံးချနိုင်သော သီအိုရီများ၊ တွက်ချက်မှုများအား လက်တွေ့ချတွက်ပြသော စနစ်ဖြင့် တင်ဆက်ထားသည်။ ဤပညာရပ်မှာ တွက်ချက်မှု ဂဏန်းသင်္ချာ အမြောက်အများဟု မဆိုနိုင်သော်လည်း အတော်အသင့်ပါဝင်သော ပညာရပ်ဖြစ်သည်။ သို့ရာတွင် အခြေခံ အပေါင်းအနှုတ်အမြှောက်အစား တွက်ချက်နိုင်ရုံမျှဖြစ် လေ့လာသင်ယူနိုင်စေရန် စီစဉ်ထားသည်။ ပိုမိုသိသင့် သိအပ်သည့် တွက်ချက်မှုများအား အသေးစိတ် ထပ်ဆင့်ရှင်းလင်းထားရာ အတူတကွ လေ့ကျင့်ခြင်းအားဖြင့် ဂဏန်းသင်္ချာအားနည်းသူတို့ပင်လျှင် ကျွမ်းကျင်သူတစ်ဦးအလား တွက်ချက်မှုများအား ယုံကြည်မှုရှိစွာ ဆောင်ရွက်နိုင်ပေမည်ဟု အသိပေးအပ်ပါသည်။

သင်ခန်းစာများ

Data set များ၏ သဘောသဘာဝကို ဖော်ညွန်းသော Descriptive Statistics နှင့် စပ်လျဉ်းသော တွက်ချက်မှုများဖြင့် သင်ခန်းစာအား အစပျိုးထားပြီး Descriptive Statistics အား အများသူငါ မြင်သာစေရန် ဖော်ပြသည့် Data Visualization တင်ပြပုံ အမျိုးအစား ဥပမာများအား အသေးစိတ် ရှင်းလင်းတင်ပြထားပါသည်။ ထိုမှတဆင့် အနာဂတ်အား တင်ကြိုခန့်မှန်းမှုပြုလုပ်သော Inferential Statistics အား နိဒါန်းပျိုးကာ Descriptive Statistics နှင့် Inferential Statistics နှစ်ခုအကြား ကွားခြားချက်အား တင်ဆက်ထားသည်။ Inferential Statistics အတွက် မရှိမဖြစ် သိအပ်သော Probability တွက်ချက်မှုအား အကျယ်တဝင့် တင်ပြထားရာ သင်္ချာဘာသာရပ်အား စိတ်ဝင်စား သူများအတွက် အထူးသင့်တော်ပြီး ယခင်က စိတ်မဝင်စားသော်လည်း ကြည့်ရှုလေ့လာရင်း စိတ်ဝင်စားဖွယ်ဖြစ်အောင် ကြိုးစား တင်ပြထားသည်။

အထိရောက်ဆုံးလေ့လာနိုင်ရန်

ဤသင်ခန်းစာမှ ပို့ချသော ပညာရပ်များအား အထိရောက်ဆုံး လေ့လာအကျိုးဖြစ်ထွန်းရန် အကြံပြုလိုသည်မှာ တွက်ချက်မှုများ မိမိကိုယ်တိုင် လိုက်လံကြိုးစားကြည့်ရန် ဖြစ်သည်။ သင်ခန်းစာ၏ အချို့နေရာများတွင် စဉ်းစားတွေးခေါ်ရန် ဖိတ်ခေါ်ထားပြီး မေးခွန်းများဖြင့် နားလည်မှုအား စစ်ဆေးသည်များ ရှိသည်။ ထိုသို့သော အခြေအနေတွင် ဗီဒီယိုအား ရပ်ဆိုင်းကာ မိမိကိုယ်တိုင် တွက်ချက် အဖြေကိုက် စေလိုပါသည်။ ခေါင်းစဉ်တခု ပြီးဆုံးသော်လည်း နားလည်မှု အားနည်းသည်ဟု ခံစားရပါက သင်ခန်းစာအား နားလည်သည်အထိ ထပ်ခါတလဲ ပြန်လည်ကြည့်ရှုသင့်ကြောင်း အကြံပြုတိုက်တွန်းလိုပါသည်။

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes