Data Science ဘာသာရပ်အားလေ့လာရာတွင် Computer Programming အခြေခံ မရှိသေးသူများအား ရည်ရွယ်၍ ဤသင်ခန်းစာအား ပြုလုပ်ထားခြင်း ဖြစ်သည်။ Programming ဘာသာရပ်နှင့် ရင်းနှီးပြီးဖြစ်သော်လည်း Python Programming ဘာသာရပ်အား လေ့လာသူများအတွက်လည်း အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ပါသည်။ Computer Programming ဘာသာရပ်အား အခြေခံအဆင့်မှ စတင်ပြီး အသေးစိတ် ရှင်းလင်းတင်ပြသည့် သင်ခန်းစာ ဖြစ်သောကြောင့် ပထမပိုင်း သင်ခန်းစာများမှာ တတ်ကျွမ်းပြီးသူတို့ အတွက် ငြီးငွေ့စရာဖြစ်နိုင်ပါသော်လည်း Data Science ဘာသာရပ်ရှုထောင့်မှ တင်ပြသောကြောင့် မဖြစ်မနေ စလယ်ဆုံး လေ့လာကြရန် တိုက်တွန်းလိုပါသည်။