Data Science ဘာသာရပ်မှာ မည်သူ့အတွက်နည်းဟူသော မေးခွန်း အား မကြာခဏ ကြားရလေ့ရှိသည်။ လူတိုင်း အင်တာနက် အသုံးပြု နေပြီဖြစ်သော ဤခေတ်ကာလတွင် သတင်းအချက်အလက် နှင့် ကင်းကွာသူဟူ၍ မရှိတော့ပြီ။ Data Science မှာ အချက် အလက်ပေါ် အခြေခံကာ ကျိုးကြောင်းဆီလျော်မှုကို ရှာဖွေဖော်ထုတ် သည့် ဘာသာရပ်ဖြစ်သောကြောင့် အချက်အလက် နှင့် ကင်းကွာမရသူ အားလုံးနှင့် သက်ဆိုင်သူဟု ဆိုရမည်။ Data ဟူသော အချက် အလက်အား စီးပွါးရေးနယ်ပယ်တွင် သာမက လူမှုရေး၊ ကျန်းမာရေး နှင့် နိုင်ငံတော် တည်ဆောက်ရေး အစရှိသသော လုပ်ငန်းဆောင်တာ အသီးသီး၌ တွေ့ရှိနိုင်သည်ဖြစ်ရာ Data Science ဘာသာရပ်မှာ အထက်ဖော်ပြပါ နယ်ပယ်အားလုံး၌ လက်တွေ့ အသုံးချနိုင်သော Applied Subject ဘာသာရပ်ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အတွက် Data Science ဟုသာ ဆိုချင်ပါသည်။