Statistics စာရင်းအင်းပညာ ဆိုသည်မှာ Data Science ဘာသာရပ်၏ ပင်မအခြေခံ ဖောင်ဒေးရှင်းဘာသာရပ် ဖြစ်သည်။ သင်ချာပညာရပ်၏ အစိတ်အပိုင်းတခုလည်းဖြစ်သည်။ ဒေတာများအား စနစ်တကျ စုဆောင်းခြင်း၊ စိစစ်လေ့လာခြင်းတို့ ပြုလုပ်တဲ့ ပညာရပ်ဖြစ်သည့်အလျောက် Data Science ဘာသာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ မသိမဖြစ် သိထားအပ်သည်။
သင်ခန်းစာ အနှစ်ချုပ် ကောက်နှုတ်ချက်
Statistics ဘာသာရပ်မှာ လူတိုင်းနှင့် မစိမ်းပေ။ မိမိတို့ ထိတွေ့ဆက်ဆံရသော အရာတိုင်းတွင်း အချက်အလက်၊ စာရင်းအင်းများရှိသည်။ ဤဘာသာရပ်မှတဆင့် စီးပွါးရေးလိုအပ်ချက်ဖြစ်သော အိမ်ဈေးနှုန်းခန့်မှန်းခြင်း၊ စတော့ဈေးအတက်အကျ၊ ကုန်စည်ဝယ်ယူမှု အစသဖြင့် မြောက်များစွာသော ကဏ္ဍများတွင် တွေ့ကြုံရသည့် မေးခွန်းများအား ဖြေဆိုနိုင်ရန် ကြိုးစားကြသည်။
ဤသင်ခန်းစာတွင် အိမ်အကျယ်အဝန်းနှင့် အိမ်ဈေးနှုန်း စပ်ဆက်မှုကို ဥပမာပေးကာ စာရင်းအင်းပညာဟူသည် အဘယ်နည်းဟူသော မေးခွန်းအား လူတိုင်းနားလည်စေရန် အလွယ်ကူဆုံး၊ အရှင်းလင်းဆုံး တင်ပြထားသည်။
Statistics ဘာသာရပ်တွင် အကြောင်းအရာအဖြစ်အပျက်တခုအား ကောက်ချက်ချရာ၌ Historical Data ဟုခေါ်သော ယခင်ဖြစ်ပျက်မှု ဒေတာအချက်အလက်များပေါ်တွင် အခြေခံကြောင်း တင်ပြထားသည်။