Correlation ဟူသည်မှာ ဒေတာများ တခုနှင့်တခု မည်သို့မည်ပုံ ဆက်စပ်မှုရှိသည်ကို လေ့လာကောက်ချက်ချခြင်း ဖြစ်သည်။ ယခင်သင်ခန်းစာ၏ ဥပမာအရ အိမ်ဈေးနှုန်းသည် အိမ်၏အကျယ်အဝန်းနှင့် Correlate ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ အဘယ်ကြောင့်ဆိုသည် အိမ်အကျယ်အဝန်း စတုရန်းပေများလေ အိမ်ဈေးနှုန်းကြီးလေဖြစ်သည်။
သင်ခန်းစာ အနှစ်ချုပ် ကောက်နှုတ်ချက်
Positive Correlation ဆိုသည်မှာ လူတဦး၏အရပ်မြင့်လာလေလေ ကိုယ်အလေချိန်လည်း တိုးလာလေဖြစ်ခြင်းကို ဥပမာအားဖြင့်ဆိုနိုင်သည်။
Negative Correlation ဆိုသည်မှာ အပူချိန်ကျဆင်းလာလေလေ အပူပေးစက် (Heater) ဝယ်လိုမှု တိုးလာလေဖြစ်ခြင်းကို ဥပမာအားဖြင့်ဆိုနိုင်သည်။
Correlation does not imply Causation – အရပ်မြင့်လာလေ ကိုယ်အလေးချိန်တိုးလာခြင်းမှာ ဖြစ်နိုင်ဖွယ်ရှိသောလည်း ကိုယ်အလေးချိန်တိုးလာသောကြောင့် အရပ်မြင့်လာသည်ဟု ကောက်ချက်ချမရပါ။ အလားတူ လေအေးပေးစက်ဝယ်ယူမှု တိုးလာခြင်းကလည်း ရာသီဥတုပူပြင်းလာအောင် ဆောင်ရွက်နိုင်စွမ်း မရှိပါ။
အကြောင်းအရာ ၂ခုမှာ ဆက်စပ်မှုရှိသော်လည်း အပြန်အလှန်အားဖြင့် အကျိုးသက်ရောက်မှုရှိသည်ဟု ယူဆ၍မရနိုင်ပါ။ ထို့ကြောင့်မှားယွင်းစွာ ကောက်ချက်မချမိစေရန် အလွန်ပင်အရေးကြီးသည်။