Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

Introduction to Computer Programming – အပိုင်း (၁)

Posted on March 13, 2020March 13, 2020 by admin
0

Programming ဘာသာရပ်မှာ Data Science နည်းပညာအား လေ့လာရာတွင် လိုအပ်သော အခြေခံဘာသာရပ်ဖြစ်သည်။ ဤသင်ခန်းစာများတွင် Programming ဘာသာရပ်အား အထွေထွေသဘောမျိုး (General Purpose) တင်ပြခြင်းမဟုတ်ကြောင်းနှင့် Data Science နည်းပညာအား လေ့လာရာလိုအပ်သည့် အကြောင်းအရာများကိုသာ အခြေခံ၍ တင်ပြမည်ဖြစ်သည်။

သင်ခန်းစာ အနှစ်ချုပ် ကောက်နှုတ်ချက်

Computer Programming ဆိုသည်မှာ ကွန်ပျူတာအား ကိစ္စများပြီးမြောက်အောင် ပရိုဂရမ်ဟုခေါ်သော ခိုင်းစေမှုများ ထည့်သွင်းကာ စေခိုင်းခြင်းဖြစ်သည်။ ထိုသို့စေခိုင်းမှုအချက်အလက်များ ရေးသွင်းသူအား Computer Programmer ဟုခေါ်ပြီး စေခိုင်းချက်များအား ဆောင်ရွက်နိုင်သော အရာအား Computer Program ဟုခေါ်သည်။

Computer Program ရေးသားရခြင်းမှာ ကွန်ပျူတာသည် စက်ဖြစ်သောကြောင့် လူ့ထက်ပိုမိုတိကျ အမှားနည်းကာ တွက်ချက်မှုများအား လျင်မြန်စွာဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ Computer Program တခုတွင် ဆောင်ရွက်မှုပြုလုပ်ရန် လိုအပ်သော Input များထည့်သွင်းရလေ့ရှိပြီး ထိုအချက်အလက်ပေါ်မူတည် တွက်ချက်ကာ Computer မှ Output ဟုခေါ်သော အဖြေအား ထုတ်ပေးသည်။

Programming Languages ဆိုသည်မှာ ပရိုဂရမ်ရေးသားရသော ကွန်ပျူတာနားလည်သည့် ဘာသာစကားဖြစ်သည်။ ယေဘုယျအားဖြင့် Compiled Language နှင့် Interpreted Language ဟူ၍ ၂မျိုးရှိသည်။

Programmer များသည် Computer Program တခု မရေးသာမည် ရေးသားရမည့် အစီအစဉ်၊ ပြသနာအားဖြေရှင်းပုံအား အကြမ်းသဘောဖြင့် Pseudo Code များရေးသားပြီးမှ အမှန်တကယ် ပရိုဂရမ်အား ရေးသားလေ့ရှိသည်။

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes