Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

အခမဲ့လေ့လာခွင့်

Posted on February 18, 2020February 19, 2020 by admin
0

ငွေကြေးအကျိုးအမြတ် တစုံတရာ တောင်းခံခြင်းမရှိဘဲ အခမဲ့လေ့လာနိုင်သော သင်ခန်းစားများ အမြောက်အများရှိခြင်း

လူတိုင်းလေ့လာရန်

Posted on February 17, 2020February 19, 2020 by admin
0

Data Science ဘာသာရပ်မှာ မည်သူ့အတွက်နည်းဟူသော မေးခွန်း အား မကြာခဏ ကြားရလေ့ရှိသည်။ လူတိုင်း အင်တာနက် အသုံးပြု နေပြီဖြစ်သော ဤခေတ်ကာလတွင် သတင်းအချက်အလက် နှင့် ကင်းကွာသူဟူ၍ မရှိတော့ပြီ။ Data Science မှာ အချက် အလက်ပေါ် အခြေခံကာ ကျိုးကြောင်းဆီလျော်မှုကို ရှာဖွေဖော်ထုတ် သည့် ဘာသာရပ်ဖြစ်သောကြောင့် အချက်အလက် နှင့် ကင်းကွာမရသူ အားလုံးနှင့် သက်ဆိုင်သူဟု ဆိုရမည်။ Data ဟူသော အချက် အလက်အား စီးပွါးရေးနယ်ပယ်တွင် သာမက လူမှုရေး၊ ကျန်းမာရေး နှင့် နိုင်ငံတော် တည်ဆောက်ရေး အစရှိသသော လုပ်ငန်းဆောင်တာ အသီးသီး၌ တွေ့ရှိနိုင်သည်ဖြစ်ရာ Data Science ဘာသာရပ်မှာ အထက်ဖော်ပြပါ နယ်ပယ်အားလုံး၌ လက်တွေ့ အသုံးချနိုင်သော […]

AI နည်းပညာသုံး မျက်နှာအရိပ်အကဲ ဖတ်ရှုမှု စိတ်ပညာရှင်များ ဝေဖန်အကြံပြု

Posted on February 11, 2020February 19, 2020 by admin
0

ညဏ်ရည်တုနည်းပညာ အကူအညီဖြင့် လူတို့၏ မျက်နှာပေါ်တွင် ဖော်ပြသော စိတ်ခံစားမှု အရိပ်အကဲအား ဖတ်ရှုလေ့လားခြင်းမှာ မှန်ကန်တိကျမှု မရှိနိုင်ဘဲ မလိုလားအပ်သော ခွဲခြားဆက်ဆံမှုများ သို့သာ ဦးတည်သွားနိုင်ကြောင်း စိတ်ခံစားမှု အထူးပြု လေ့လာသူ စိတ်ပညာရှင်တို့က ဆိုလိုက်သည်။ Northeastern University ၏ စိတ်ပညာဌာန ပရော်ဖတ်ဆာ Lisa Feldman Barrett က လုပ်ငန်းရှင်များအနေဖြင့် ထိုသို့သော နည်းပညာရပ်များမှာ ယေဘုယျအားဖြင့်သာ မှန်နိုင်ကြောင်း သုံးသပ်သည်။ သူမက သုံးသပ်သည်မှာ ညဏ်ရည်တုနည်းပညာသည် လူသားအားလုံး၏ အခြေခံ စိတ်ခံစားမှုကြောင့် ပေါ်ထွက်လာသော မျက်နှာအရိပ်အကဲ ပြောင်းလဲမှုပေါ် အခြေခံထားခြင်းဖြစ်ရာ လူတစ်ဦးချင်းနှင့် ထိုလူ၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအား တွက်ချက်ခြင်းမရှိသဖြင့် ရလဒ်များ၏ တိကျမှုမှာ အာမခံချက်မရှိဟု ဆိုသည်။ ထို့ကြောင့် အလားတူနည်းပညာများမှာ […]

သင်ကြားမှုအတွက် အခကြေးငွေပေးရန် လိုအပ်ပါသလား?

Posted on February 11, 2020February 11, 2020 by admin
0

အခကြေးငွေပေးရန် မလိုအပ်ပါ။ Myanmar Data Science မှ လူတိုင်း အခမဲ့ ပညာသင်ယူနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျနော်များအား ကူညီသောအားဖြင့် သတင်းစကားမျှဝေပေးစေလိုပါသည်။

ကျောင်းဖွင့်ထားပါသလား? မည်သည့်နေရာတွင် တည်ရှိပါလဲ?

Posted on February 11, 2020February 19, 2020 by admin
0

ကျောင်းဖွင့်မထားပါ။ သင်ခန်းစာများအား အွန်လိုင်းမှ တဆင့် အင်တာနက် အသုံးပြုသူတိုင်း သင်ယူရန် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သွားလာရန် ခက်ခဲသော နေရာဒေသများတွင် နေထိုင်သူများလည်း မိမိတို့၏ အိမ်မှနေ၍ လေ့လာသင်ယူနိုင်ပါသည်။

လေ့လာသင်ယူရန် အချိန်အားဖြင့် မည်မျှကြာမြင့်နိုင်ပါသလဲ?

Posted on February 11, 2020February 11, 2020 by admin
0

Data Science ဘာသာရပ်အတွက် သင်ခန်းစာ ၃ ခုအား တပတ်လျှင်အနည်းဆုံး သင်ကြားမှုတခုစီ နှုန်းဖြင့် တင်ပြသောကြောင့် ပုံမှန်အားဖြင့် ၆ လခန့် ကြာမြင့်နိုင်ပါသည်။ အခြေခံရှိသူများ အတွက်မူ ၃ လမှ ၄လ အတွင်း အတော်အတန် တတ်မြောက်ပြီး ဖြစ်မည်။

အချိန်နေရာမရွေး လေ့လာနိုင်ပြီ

Posted on February 10, 2020February 17, 2020 by admin
0

မိမိ၏အားလပ်ချိန်အချို့မှ နည်းပညာအသစ်မျာအား စနစ်တကျ လေ့လာနိုင်ပြီ

Introduction to Data Analysis

Posted on February 10, 2020February 19, 2020 by admin
0

Data Analysis ဘာသာရပ်အား စိတ်ဝင်စား လေ့လာလိုသူများအတွက် ရည်ရွယ်ကာ Introduction to Data Analysis သင်ခန်းစာအား တင်ဆက်ထားခြင်းဖြစ်သည်။ Data Science ဟူသည် အဘယ်နည်းဆိုသည့် အခြေခံအကျဆုံး ချဉ်းကပ်မှုမှတဆင့် Data Analysis ပြုလုပ်ရာတွင် လိုအပ်သည့် အခြေခံ နည်းပညာရပ်များအား သင်ကြားပို့ချမည်ဖြစ်သည်။ အဘယ့်ကြောင့် လေ့လာသင်ယူသင့်သနည်း ၂၀၁၂ ခုနှစ်ထုတ် Harvard Business Review မဂ္ဂဇင်းတွင် Data Scientist အသက်မွေးဝမ်းကြောင်းမှု အလုပ်အား ၂၁ ရာစု၏ sexiest job ဖြစ်သည်ဟု တင်စားသုံးစွဲထားသည်။ လူတိုင်း သည်းချေကြိုက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဟု ဆိုပါလျှင်အချက် ၃ ချက်အားဖြင့် ဖြေကြားလိုပါသည်။ ၁။ အင်တာနက်အသုံးပြုမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ […]

Statistics for Data Science

Posted on February 10, 2020February 19, 2020 by admin
0

စာရင်းအင်းပညာရပ်မှာ Data Science နည်းပညာအား လေ့လာသူတိုင်း မသိမဖြစ် သိအပ်သော အခြေခံပညာရပ် ဖြစ်သည်။ ဤသင်ခန်းစာ များတွင် စာရင်းအင်းပညာအား အခြေခံမှ စတင်၍ လေ့လာတင်ဆက်ထားပြီး စီးပွါးရေးနယ်ပယ်၌ တွေ့ကြုံလေ့ရှိသော အဖြစ်အပျက်များနှင့် ယှဉ်ထိုးကာ ဥပမာပေး ခိုင်းနှိုင်းတင်ပြထားသည်။ စာရင်းအင်းပညာရပ်အား တကြိမ်တခါမှ မသင်ယူဘူးသော သူတစ်ဦးအား နားလည်တတ်ကျွမ်း သည်အထိ အတွင်းကျကျ ရှင်းလင်းတင်ပြထားရာ လေ့လာသူတိုင်းအတွက် အဆင့်မြင့်ပညာရပ်များ ဆက်လတ်လေ့လာရာတွင် မရှိမဖြစ် လိုအပ်သည့် ခိုင်မာတောင့်တင်းသော အခြေခံ အုပ်မြစ်အား တည်ဆောက်ပြီး ဖြစ်မည်။ တင်ဆက်ချဉ်းကပ်ပုံ ပထမဦးစွာ Statistics ဟုခေါ်သော စာရင်းအင်းပညာဟူသည် လူတိုင်းနှင့် မစိမ်းကြောင်း၊ မိမိတို့၏ နေ့တဓူဝ ဖြစ်စဉ်များတွင်ပင် လက်တွေ့အသုံးပြုနိုင်သလို လူတိုင်းနှင့်လည်း တစ်မျိုးတစ်ဖုံ ထိတွေ့မှု ရှိထားပြီး ဖြစ်ကြောင်း […]

Programming for Data Science

Posted on February 10, 2020February 12, 2020 by admin
0

Data Science ဘာသာရပ်အားလေ့လာရာတွင် Computer Programming အခြေခံ မရှိသေးသူများအား ရည်ရွယ်၍ ဤသင်ခန်းစာအား ပြုလုပ်ထားခြင်း ဖြစ်သည်။

Posts navigation

Previous 1 2 3 4 Next

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes